ရိခေါ်ဒါရ်  ၂၆  ဇွန်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် ရိခေါ်ဒါရ်မြို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်  ၂၅ ရက်၌ ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်သည့် ရိရေကန် ရေချိုးဆိပ် ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း၊ ရိရေကန်သွားလမ်း ကတ္တရာလမ်းခင်းကျင်းခြင်းလုပ်ငန်း၊ အမှတ်(၁)ရပ်ကွက် ဇိုးနွန်လမ်း ကတ္တရာလမ်းခင်းကျင်းခြင်းလုပ်ငန်း၊ အမှတ်(၂) ရပ်ကွက် စခန်းသာလမ်း ကတ္တရာလမ်းခင်းကျင်းခြင်းလုပ်ငန်းနှင့် အရှေ့မြို့ပတ်လမ်း ကျောက်ချောခင်းကျင်းခြင်းလုပ်ငန်းများကို လည်းကောင်း၊ ပညာရေးဌာနမှ အထကကျောင်းနှင့် အထကခွဲကျောင်းတို့၌ ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာများ၊ ကျောင်းစာကြည့်တိုက် အဆောက်ဦဆောက်လုပ်မှုများနှင့် အခြားဌာနဆိုင်ရာ အဆောက်အဦ ဆောက်လုပ်မှုများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သတ်မှတ်အရည်အသွေးနှင့် အတိုင်းအတာများ ပြည့်မီရေး၊ လုပ်ငန်းများအား အများပြည်သူအတွက် အကောင်းဆုံးနှင့် အကျိုးရှိရှိ ကြာရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် စေတနာရှေ့ထားဆောင်ရွက်ရေး၊ သတ်မှတ်ထားသည့် အချိန်ကာလနှင့် ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့်အတူ လမ်းဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့စည်ပင်သာယာ ရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်သည့် လုပ်ငန်းကုမ္ပဏီအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ် ပြန်/ဆက်