ရိခေါ်ဒါရ်    ၂၇   သြဂုတ်


ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်လုပ်ငန်း သုံးမျိုးအား သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည် ဖြစ်ကြောင်းကြော်ငြာ ထားခဲ့ပြီးဖြစ်ပါသော်လည်း အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ်ရက်ဖြစ်သည့် ဩဂုတ် ၂၆ ရက်အစား စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီအချိန်သို့ တတိယအကြိမ် လေလံရောင်းချမည့် သတ်မှတ်ရက်ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။


အဆိုပါ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်၌ အမဲသားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ငွေကျပ် ၅၀၃၀၀၀၀ (စားပွဲတင်အာမခံကြေး ၂၅၁၅၀၀၀)၊ ဝက်သားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ငွေကျပ် ၁၇၁၆၀၀၀၀ (စားပွဲတင်အာမခံကြေး ၈၅၈၀၀၀၀)နှင့် မြို့ဝင်ဘီးကောက် လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၁၂၀၁၂၅၀၀(စားပွဲတင်အာမခံကြေး  ၆၀၀၆၂၅၀)တို့ဖြစ်ကြောင်း သိရသည်။


အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ကြော်ငြာစာများကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊  စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာပြဘုတ်များတွင် ကပ်ထားကြော်ငြာထားပြီး ၎င်းလုပ်ငန်းလိုင်စင် ကိစ္စအသေးစိတ် သိရှိလိုပါက ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးရုံး၊ ဖုန်းအမှတ် - ၀၉၄၀၀၃၁၁၇၅၅ နှင့် ၀၉၆၇၇၀၄၄၂၈၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


လာလ်ပက်လောမ် (ပက်ကာ)