စက်တင်ဘာ

မိမိတို့ပြည်ထောင်စု ရေရှည်ရည်မှန်းချက်နှင့် သားသမီးအားလုံးအတွက် ရည်မှန်းချက်များကို မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့်လူမျိုးရေး အကြောင်းပြုသည့် ပဋိပက္ခများရှိပါကြောင်း၊ အမုန်းတရားကို တူးဆွနေသူများ၊ မေတ္တာမပွားဘဲ တစ်ဦးနှင့်တစ်ဦးကြား ပဋိပက္ခဖြစ်ပွားအောင် လှုံ့ဆော်နေမှုများရှိပါကြောင်း၊ ယခု ရခိုင်ပြည်နယ်တွင် ကိုဗစ်ကို တိုက်ထုတ်ကြရာတွင် တစ်ဦးအပေါ်တစ်ဦး မည်သို့ စေတနာထားသည်ကို ပြသရန်လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် မည်သူက အမှန်တကယ် စေတနာရှိသည်ဆိုသည်မှာ ပေါ်လာမည်ဖြစ်ပါကြောင်း၊ ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်ဆိုသည့် စိတ်ဓာတ်နှင့်ကြည့်ရန် များစွာအရေးကြီးပါကြောင်း။ ။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဩဂုတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း coVD-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး သတင်းမှ ကောက်နုတ်ချက်)