ရန်ကုန် ၄ စက်တင်ဘာ

 

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ငွေကျပ် ၃၇၅၀၀၀၀ တန်ဖိုးရှိ နှာခေါင်းစည်း အခု ၁၀၀၀၀၊ ဆပ်ပြာ အတုံး ၅၀၀၊ သွားတိုက်ဆေးဘူး ၅၀၀၊ သွားတိုက်တံ အခု ၅၀၀၊ ကော်ဖီမစ် ၁၀ ထုပ်ပါ အထုပ် ၅၀၀၊ ကြွေမတ်ခွက် အလုံး ၅၀၀၊ လက်ဆွဲအိတ် ၅၀၀၊ မှတ်စုစာအုပ် ၅၀၀၊ စာစောင် ၅၀၀ နှင့် ယမန်နေ့က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများက အလှူငွေကျပ် ၂၉ , ၃၄၀၀၀၊ နှင့် ငွေကျပ် ၄၉၃,၁၁၅၀၀ တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများကို လှူဒါန်းရာ ပြည်သူများကိုယ်စား We Love Yangon လူထု အခြေပြုပရဟိတအဖွဲ့၊ ဦးပြည့်မောင် + သရုပ်ဆောင် စမိုင်းလ် မိသားစုက  အလှူငွေကျပ်သိန်း ၅၀၊ နှာခေါင်းစည်း အခု ၃၀၀၊ ရောဂါကာကွယ်ရေးဝတ်စုံ ၄၄ စုံ၊ ၁၃၅ သိန်း တန်ဖိုးရှိ အသက်ရှူစက် တစ်လုံး စုစုပေါင်း ငွေကျပ် ၁၉၁,၇၅၀၀၀ တို့ကို လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

 

ဆန်းကျော်ဦး(ပြန် /ဆက်)