မြောက်ဦး ဧပြီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သည် အထင်ကရ ရှေးဟောင်းမြို့တော်ဖြစ်သည်နှင့်အညီ ယူနစ်စကို ဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီက ကုန်သည်တန်းရပ်ကွက် နန်းတော်ရာကုန်းဘေးပတ်လည် နေရာများနှင့် ပြည်သူ့ဆေးရုံဟောင်း နေရာများ၌ ပေါက်ရောက်နေသော ခြုံနွယ်များ၊ လမ်းဘေးဝဲယာရှိ အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)