မောင်တော ၁၅ စက်တင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို မောင်တောအခြေစိုက် CENTER FOR DIVERSITY AND NATIONAL HARMONY (CDNH) ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် Committee For Sustainable Peace and Development (CSPD) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီမှ ထောက်ပံ့ သော စားရိက္ခာများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကုန်တင်/ကုန်ချ လုပ်ငန်း ကော်မတီရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့သို့ ပေးအပ်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့မှ မြို့နယ်ကုန် တင်/ကုန်ချ ကော်မတီရုံးရှိ ဆိပ်ကမ်းအလုပ်သမား (၁၃၅) ဦးအတွက် တစ်ဦးလျှင် ဆန် (၄)ပြည်၊ ငါးသေတ္တာ (၃) ဘူး၊ ဆီ (၁)လီတာ၊ ကြက်သွန်နီ(၅၀)ကျပ်သား ၊ ပဲ(၅၀) ကျပ်သား စုစုပေါင်း ဆန် (၁၆၄)အိတ်၊ ငါး သေတ္တာ (၂၇၀၀)ဘူး၊ ဆီ(၁)လီတာ(၉၀၀)ဘူး၊ ပဲ(၄၅၀) ပိဿာ၊ ကြက်သွန်နီ (၄၅၀) ပိဿာ တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
ထို့အတူ ကြိမ်ချောင်းကျေးရွာရှိ လူဦးရေ(၇၆၀)အတွက် ဆန် (၁၂၇)အိတ်၊ ဆီ(၇၆၀) လီတာ၊ ကြက်သွန်နီ ပိဿာ (၃၈၀)၊ ငါးသေတ္တာဘူး(၂၂၈၀)၊ ပဲပိဿာ(၃၈၀) တို့ကို တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)


