မောင်တော ၂၃ စက်တင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံများအတွက် COVID-19 ကုသရေး အထောက်အကူပြု ဆေးရုံသုံးပစ္စည်းများ ဂျာမနီနိုင်ငံလူသားချင်းစာနာ ထောက်ထားမှု ရန်ပုံငွေဖြင့် (Malteser International)မာတေဆာ အင်တာနက်ရှင်နယ် မောင်တော စီမံကိန်းရုံးမှ အဆိုပါဆေးရုံများတွင် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့ တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ထပ်မံတွေ့ရှိလာပြီ ဖြစ်သဖြင့် မောင်တောပြည်သူ့ ဆေးရုံအတွက် COVID-19 ကုသရေး အထောက်အကူပြု ဆေးရုံသုံး ပစ္စည်းများအား ဂျာမနီနိုင်ငံ လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေဖြင့် (Malteser International) မာတေ ဆာ အင်တာနက်ရှင်နယ် မောင်တော စီမံကိန်းရုံးမှ ထောက်ပံ့ပေးခဲ့ရာ မြန်မာကျန်ငွေ (၃၁၀) သိန်းခန့် တန် ဖိုးရှိသော အသက်ရှူအကူကိရိယာ (၁)စုံ၊ အော်တို Syringe Pump (၂)ခု၊ အထူးကြပ်မတ်ကုသခန်းသုံး လူနာကုတင်(၂)ခု၊ ဖုန်စုပ်စက် (၂)ခု၊ ECGစက် (၂)ခု၊ အောက်စီဂျင်တိုင်းတာစက်(၂)ခု၊ အောက်ဆီဂျင် ဆလင် ဒါ(၆၀)လုံးအား (Malteser International) မာတေဆာအင်တာနက်ရှင်နယ် မောင်တော စီမံကိန်းရုံး လက်ထောက် စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ခင်စောဝေ က ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ သည်။
အလားတူ ဘူးသီးတောင်မြို့ရှိ ပြည်သူ့ဆေးရုံအတွက် မြန်မာကျပ်ငွေ(၂၄၃)သိန်းခန့် တန်ဖိုးရှိသော အသက်ရှူအကူကိရိယာ(၁)စုံ၊ အော်တို Syringe Pump(၁)ခု၊ အထူးကြပ်မတ်ကုသခန်းသုံး လူနာကုတင် (၂)ခု၊ အောက်စီဂျင်တိုင်းတာစက်(၂)ခု တို့အား ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စောမင်းသိန်းထံသို့ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)