မောင်တော ဇန်နဝါရီ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် (၆)လဘတ်ဂျတ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် လုပ်ငန်း(၁၁)ခုအနက် လုပ်ငန်း(၆)ခုအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများက ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများက သက်ကိုင်ညာကျေးရွာတွင် မြေသားရေကန် (၁၀၀ ပေ x ၁၀၀ ပေ x ၆ ပေ) တူးဖော်ခြင်းနှင့် ခြံစည်းရိုး (၆၀၀ ပေ x ၅ ပေ) ကာရံခြင်းလုပ်ငန်း ခွင့်ပြုငွေကျပ် (၉)သန်းမှာ (၆၀)ရာခိုင်နှုန်းပြီးစီးခြင်း၊ ရန်အောင်ပြင်ကျေးရွာတွင် ရေပိုက်သွယ်တန်းခြင်း (၅၈၀၀)ပေနှင့် ရေစုကန် (၂)ကန် တည်ဆောက်ခြင်းလုပ်ငန်း တစ်ကန်လျှင် (၉ ပေ x ၆ ပေ x ၅ ပေ) ခွင့်ပြုငွေကျပ် (၁၈ ဒသမ ၀၉)သန်းမှာ (၄၅)ရာခိုင်နှုန်းပြီးစီးခြင်း၊ ပြားသားကျေးရွာ လက်တူးတွင်း (၈ ပေ အနက် ၂၅ ပေ) ခွင့်ပြုငွေကျပ် (၅ ဒသမ ၅)သန်းမှာ ၄၀ ရာခိုင်နှုန်း ပြီးစီးခြင်း၊ သရေကုန်းဘောင်ကျေးရွာ Main ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း (၆၃၅)ပေ ခွင့်ပြုငွေကျပ် (၁၁၃ ဒသမ ၈၆၆) သန်းမှာ ၅၀ ရာခိုင်နှုန်းပြီးစီးခြင်း၊ သရေကုန်းဘောင်ကျေးရွာတွင် ၁၃၀၀ ပေ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေစုကန် (၂)ကန် တည်ဆောက်ခြင်းလုပ်ငန်း တစ်ကန်လျှင် (၁၀ ပေ x ၁၅ ပေ x ၆ ပေ) ခွင့်ပြုငွေကျပ် (၂၂ ဒသမ ၅၅)သန်းမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးခြင်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘတ်ဂျတ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လောင်းဒုံကျေးရွာတွင် (၁၀၀ ပေ x ၁၀၀ ပေ x ၆ ပေ) မြေသားရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုး (၆၀၀ ပေ x ၅ ပေ) ကာရန်ခြင်းလုပ်ငန်း ခွင့်ပြုငွေကျပ် (၈ ဒသမ ၉)သန်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရှိရသဖြင့် ကျန်ရှိနေသည့် လုပ်ငန်းများအား သတ်မှတ်စံချိန်၊ စံညွန်းများနှင့်အညီ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ကြရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ပြီး အဆိုပါ ကျေးရွာများအတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ ပြည်သူများမှာ ရေဖူလုံစွာရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခိုင်စိုး(မောင်တော)


