၆ ဩဂုတ်
CERP Action Plan အရ ပင်လယ်ပြင်ငါးဖမ်း ရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းကို ဩဂုတ် ၅ ရက်နေ့ နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား (၂၅) ဦးတို့မှ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်နယ်ဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ဒု-ပြည်နယ်ဦးစီးဌာနမှူးမှ သင်တန်းအစီအစဉ်များကို ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် အခမ်းအနားကို နံနက် ၁၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ Safety at Sea သင်တန်းကို စစ်တွေမြို့၌ ပထမအကြိမ်အဖြစ် ဩဂုတ် ၅ ရက်မှ (၆.၈.၂၀၂၀) ရက်နေ့များတွင်ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
MDN