၆  ဩဂုတ်


CERP   Action   Plan  အရ   ပင်လယ်ပြင်ငါးဖမ်း ရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းကို   ဩဂုတ် ၅  ရက်နေ့ နံနက် ၉ နာရီတွင်  ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌  ဖွင့်လှစ်ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  သင်တန်းသား (၂၅) ဦးတို့မှ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်  ပြည်နယ်ဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ဒု-ပြည်နယ်ဦးစီးဌာနမှူးမှ သင်တန်းအစီအစဉ်များကို ရှင်းလင်းပြော ကြားခဲ့သည်။  ထို့နောက် အခမ်းအနားကို  နံနက် ၁၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါ Safety at Sea သင်တန်းကို   စစ်တွေမြို့၌ ပထမအကြိမ်အဖြစ်  ဩဂုတ် ၅ ရက်မှ  (၆.၈.၂၀၂၀) ရက်နေ့များတွင်ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ  သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

MDN