နေပြည်တော်၊ ဇန်နဝါရီ ၄
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Moon Light ရေယာဉ်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းတို့မှ ပေးပို့သည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် လမ်းမီးတိုင်၊ မီးလုံး၊ ဓါတ်အားလိုင်းကြိုးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆန်၊ စားအုန်းဆီနှင့် စားသောက်ကုန်များ၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်း (၂၀၇၄ ဒသမ ၇၅) တန် တင်ဆောင်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီ မိနစ် ၅၀ တွင် The Myanmar Terminal (TMT) ဆိပ်ခံ တံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
