နေပြည်တော် အောက်တိုဘာ ၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Mercury Force ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှပေးပို့သည့် သံချောင်း (၅၀၄ ဒသမ ၇၈)တန်၊ အမိုးသွပ် (၄၀၀၀၀) ၊ ခေါင်အုပ်သွပ် (၂၈၀၀၂) ချပ်၊ Lip Channel တန်(၁၅၀) ၊ Light Weight အုတ် အလုံး (၂၆၀၀၀) ၊ သစ်ခွဲသား ဆိုဒ်စုံ (၈၀ ဒသမ ၃၇)တန်၊ ဆေးနှင့် ဆေးပစ္စည်း (၃ ဒသမ ၈၈) တန်နှင့် လုပ်ငန်းသုံးယာဉ် (၃)စီး စုစုပေါင်း တန်ချိန်(၁၃၄၇ ဒသမ ၀၃) တန်ကို လည်းကောင်း၊ MV Weru Pack Kha ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် (၃၆၀၀၀) နှင့် သံပြား တန် (၁၀၀) စုစုပေါင်း တန်ချိန် (၁၉၀၀)ကို လည်းကောင်း တင်ဆောင်၍ ယနေ့ နံနက်ပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
(သတင်းစဉ်)