မြောက်ဦး ၂၅ မေ
မြောက်ဦးမြို့နယ် ကျေးရွာအချို့ရှိ ခိုလှုံရာ ယာယီကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသောပြည်သူ များအတွက် ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ မြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ယာယီကယ်ဆယ်ရေးစခန်းများဖြစ်သော ရှော်မယ်(အမကခွဲ)စာသင်ကျောင်း ခိုလှုံရာစခန်းရှိ အိမ် ထောင်စု ၄၁ စုမှ လူဦးရေ ၁၆၄ ဦးအတွက် ဆန်ရိက္ခာ ၆၁ အိတ် ၁၂ ပြည်၊ ဆင်ကဲ (အထကခွဲ) စာသင်ကျောင်း ခို လှုံရာစခန်းရှိ အိမ်ထောင်စု ၅၆ စုမှ လူဦးရေ ၂၈၅ ဦးအတွက် ဆန်ရိက္ခာ ၁၀၆ အိတ် ၂၁ ပြည်၊ စင်းဘောကိုင်း ကျေးရွာ ခိုလှုံရာကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၄၄၆ စုမှ လူဦးရေ ၂၂၉၀ ဦးအတွက် ဆန်ရိက္ခာ ၈၅၈ အိတ် ၁၈ ပြည်ကို ခိုလှုံရောက်ရှိနေသော ပြည်သူများကိုယ်စား စခန်းတာဝန်ခံများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN