စစ်တွေ  ၁၃   မေ 

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးချုပ် Ms. Ursula Mueller နှင့်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

DSC

 

တွေ့ဆုံစဉ် တိုက်ပွဲရှောင်စခန်းများတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက်အပံ့အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

အလားတူ မွန်းလွဲ ၁ နာရီတွင် ကမ္ဘာ့ဘဏ်မှ Senior Economist  Mr. Dr. Mauro Testaverde နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

 

DSC_13

 

တွေ့ဆုံစဉ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


    
(သတင်းစဉ်)