စစ်တွေ ၂၄  မေ 


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အခွန်လျာထားချက် ပြည့်မီကျော်လွန်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် အခွန်ကောက်ခံရရှိမှု အခြေအနေများနှင့် ဆက်လက် ကောက်ခံမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းကြသည်။


ထို့နောက် ပြည်နယ်ပြည်တွင်း အခွန်များဦးစီးဌာနမှူး ဦးကျော်မင်းက ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းထံ အခွန်ကောက်ခံ ရရှိငွေများကို လွှဲပြောင်းပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


(သတင်းစဉ်)