စစ်တွေ ၂၃ မေ  

ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ မင်းသူရိယ ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးတက်ရောက်အမှာစကားပြောကြားသည်။

 

5859

 

အခမ်းအနားတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးက ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြပြီး ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးထံ ဓညဝတီကုမ္ပဏီမှ ထောက်ပံ့ရေးပစ္စည်း များပေးအပ်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းက ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးရေးစီမံချက်ဆောင်ရွက်နေကြသည့် ခရိုင်နှင့်မြို့နယ်များသို့ အဝတ်အထည်များ ထောက်ပံ့ပေးအပ်သည်။  

(သတင်းစဉ်)