စစ်တွေ ၂၅ စက်တင်ဘာ

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းတို့မှ ဆန်နှင့် ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လာရောက်လှူဒါန်းကြကြောင်း သိရသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းတို့က လှူဒါန်းသော ငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများမှာ ဆန်အိတ် ၁၀၀၀ အိတ်၊ PPE ၁၁၀ စုံ၊ Surgical Cap ၂၀ Box၊ Gloves ၃၀ Box၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask ၂၀၀၀၀ ခု၊ Surgical Growns ၉၀၀ Pcs နှင့် စားသောက်ကုန်ပစ္စည်း (၁၅) မျိုးတို့ဖြစ်သည်။

အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးနှင့် တာဝန်ရှိသူများက လာရောက်လှူဒါန်းကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)