စစ်တွေ   ၂၈  ဩဂုတ်  

 

ရခိုင်ပြည်နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ဦးစီးဌာန(ရုံးချုပ်) အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ထောက်ပံ့ငွေများအား ယနေ့နေ့လည်ပိုင်းက စစ်တွေခရိုင်ပြန်/ဆက်ဦးစီးမှူးက ဝန်ထမ်းများအားပေးအပ်ခဲ့သည်။

 

လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါအခြေအနေအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားသဖြင့် ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်း များ၏ သက်သာချောင်ချိရေးအတွက် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝန်ထမ်းတစ်ဦးလျှင် ကျပ် ၂၀၀၀၀(နှစ်သောင်း)နှုန်းဖြင့် ပြည်နယ်အတွင်းရှိ ဝန်ထမ်း ၁၂၉ ဦး အတွက် ငွေကျပ် ၂၅၈၀၀၀၀ (နှစ်ငါးသိန်းရှစ်သောင်း)ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများကို ခရိုင်အလိုက်ထုတ်ယူနိုင်ရန် လွှဲပြောင်းပေးထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဝန်ထမ်းများအား ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။ 

 

အလားတူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်း များအတွက်  စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးသည် မျက်နှာကာ (Faceshilds) များကို စစ်တွေခရိုင်ပြန်/ဆက်ဦးစီးမှူးက ရုံးဝန်ထမ်းများအား ပေးအပ်ခဲ့သည်။ 

 

တင်ထွန်း(ပြန်/ဆက်)