နေပြည်တော်၊ ဒီဇင်ဘာ ၁၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် အမိုးဒိုင်းသံချောင်း (Lip Channel) တန်(၁၀၀)၊ သံချောင်းလုံး (၆၂၀ဒသမ၅၄)တန်၊ (၁၀)ပေ ခေါင်အုပ်သွပ် ချပ်(၁၇,၇၀၀) ၊ ထရန်စဖော်မာ (၄)လုံး၊ ဘိလပ်မြေ ဖျော်စက် (၄) လုံး၊ အမိုးချိတ် ချောင်း(၁၅၀,၀၀၀) နှင့် သစ်ခွဲသား (၁၆၄၀ ဒသမ ၀၉) တန် စုစုပေါင်းတန်ချိန် (၂၄၁၄ဒသမ၁၄) တင်ဆောင်၍ ယနေ့မွန်းလွဲ၂ နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
(သတင်းစဉ်)