နေပြည်တော် ဖေဖော်ဝါရီ ၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် စားသောက်ကုန်များ၊ စားသုံးဆီ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ထော်လာဂျီယာဉ် (၅) စီးအပါအဝင် စုစုပေါင်းတန်ချိန် (၂,၄၅၅ ဒသမ ၆၈) တင်ဆောင်၍ ယနေ့ ညနေပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံ တံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ၂၀၂၃ခုနှစ်မေ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ်(၄၂) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေး ပစ္စည်းစုစုပေါင်း(၆၄,၆၇၆ဒသမ၀၉)တန်နှင့် ဒီဇယ်(၂၄၉,၇၆၂)ဂါလံ၊ Octane 92(၁၉၉,၈၈၆)ဂါလံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်