နေပြည်တော် ၃ စက်တင်ဘာ
မြန်မာအမျိုးသားပိုင် လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ ရက်နေ့တွင် ရောက်ရှိခဲ့သည့် "မိမိဆန္ဒအလျောက်" ရခိုင်ပြည်နယ်၊ စစ်တွေ၊ ပေါက်တောနှင့် မာန်အောင်မြို့တို့တွင် အသီးသီး တွဲဖက်တာဝန်ထမ်းဆောင်ကြမည့် လက်ထောက်ဆရာဝန် (ဆေးပညာ) (၁) ဦး၊ လက်ထောက်ဆရာဝန် (၂) ဦးနှင့် သူနာပြု (၄) ဦးတို့အား ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့ သွားရောက်ကာ ကြိုဆိုခဲ့ကြောင်း သိရသည်။
Crd#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


