စစ်တွေ ဇွန် ၁၁
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များ၊ နည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက လက်ခံရယူပြီး အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်ကြားမည့်ဘာသာရပ်များကို ရှင်းလင်း တင်ပြ သည်။
ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ သင်တန်းသူများအား လက်တွေ့သင်ကြားပို့ချနေမှု ကို ကြည့်ရှုအားပေးပြီး ဓညဝတီအားကစားခန်းမ၌ တိုင်းဒေသကြီး၊ ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရာတေး၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း အားကစားသမားများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ချီးမြှင့်ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


