စစ်တွေ ၂၃ ဇူလိုင် 

 


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအမှူး Mr.Biplove Choudhary နှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထု၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိခိုက်လွယ်မှုများကို ဂေဟစနစ် အခြေပြုချဉ်းကပ်မှု နည်းလမ်းပုံစံဖြင့် လျှော့ချခြင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံကိန်း၏လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၃ နာရီတွင် ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် Dr. Mauro Testaverde နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 


သတင်းစဉ်