စစ်တွေ ၂၀ မေ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံမတ်ကြီး H.E.Ms.Andrea Faulkner နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် စပ်လျဉ်းသည့်ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အလားတူပြည်နယ်ဝန်ကြီးချုပ်သည် ညနေ ၃ နာရီတွင် ဖွံ့ဖြိုးမြန်မာစွမ်းအား ဆောက်လုပ်ရေးနှင့် သတ္တုတူး ဖော်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုင်းဟန်မြင့် ဦးဆောင်သည့် မိတ်ဖက်ကုမ္ပဏီများမှ အဖွဲ့ဝင်များ အား လက်ခံတွေ့ဆုံသည်။
(သတင်းစဉ်)