ရမ်းဗြဲ ဇွန် ၁၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပွဲကို ဇွန် ၁၂ ရက် နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁) နှင့် အကွက်အမှတ် (၄၃) တို့တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ICM နယ်နိမိတ်အတွင်း ဒီရေတောပင်နှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်း စီမံချက်အရ ၂၀၂၂ ခုနှစ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းထက်အောင်နှင့် ဝန်ထမ်းများ၊ လှိုင်ခေါင်ကျေးရွာနှင့် ရမ်းသစ်ကြီးအဝကျေးရွာမှ ဒီရေတော စိတ်ပါဝင်စားသူ ဒေသခံ ပြည်သူများ ၄၀ ခန့်က ဝန်ဗိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၁) တွင် ဗြူးခြေထောက်အဖို အပင် ၅၀၀၊ ဗြူးခြေထောက် အမ အပင် ၅၀၀ နှင့် ဝန်ဗိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၄၃) တွင် မြိုင်ကြီး အပင် ၂၀၀ စုစုပေါင်း အပင် ၁၂၀၀ အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သိန်းထွန်းအောင်