နေပြည်တော် ၇ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်)မှ စီစဉ်ကျင်းပသော “ ရှမ်းစော်ဘွားကြီး များ၏ ရှားပါးဝတ်စုံပြပွဲ (Exhibition of the Rare Traditional Costumes of the Shan SawBwas)” ကို ဇွန် ၉ ရက် မှ ၁၈ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ့ ၄ နာရီခွဲအထိ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမှတ်(၆၆/၇၄) ပြည်လမ်း၊ ဒဂုံမြို့နယ်တွင် ခင်းကျင်း ပြသထားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ကြောင်းသိရသည်။
မောင်လူမော်