ခရမ်း ၂၈ နိုဝင်ဘာ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ပိန်းကန်ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက  အဆိုပါ ဓာတ်အားခွဲရုံများ၌  ကျင်းပခဲ့သည်။

 

အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ  ခရမ်းမြို့နယ်  33/11 kV, 5 MVA  ပိန်းကန် ဓာတ်အားခွဲရုံ  ကမ္ဗည်းကျောက်စာမော်ကွန်းအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ခရမ်းမြို့နယ် ဇွဲပလိုင် 33/11 kv, 10 MVA ဓာတ်အားခွဲရုံဖွင့်ပွဲ၌ အဖွင့်အမှာစကားပြောကြား၍  33/11 kV, 10 MVA  ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ မော်ကွန်းအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမင်းတို့က စက်ခလုပ်နှိပ်၍  ဖွင့်လှစ်ပေးပြီး  ဓာတ်အားခွဲရုံအတွင်း  လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ခရမ်း)

 

 received_161620366525