ရမည်းသင်း ၂၂ ဩဂုတ်

 

ရမည်းသင်းမြို့နယ် မြို့လှအထကကျောင်း၊ ငှက်သိုက်ကျေးအထကကျောင်း၊ ရွာတန်း အထက ကျောင်းနှင့် သိမ်ကုန်းအထကကျောင်းများ ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူများအနက် သွားလာရေးခက်ခဲသော ရပ်ဝေးကျေးရွာများမှ ကျောင်းသားကျောင်းသူများအတွက် စက်ဘီးအစီး ၅၀၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေ တက်ရောက်ခဲ့သည်။

 

a1

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီနာယက ဒေါက်တာယုယုမေက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယကအဖွဲ့ဝင်များနှင့် အလှူရှင် ရှင်သန်ခြင်း အများပိုင်ကုမ္ပဏီ တာဝန်ရှိသူတို့က ရပ်ဝေး ကျေးရွာများမှ ကျောင်းတက်လာရောက်ကြသည့် ကျောင်းသား ကျောင်းသူ(၇၁)ဦးအတွက် စက်ဘီး(၇၁)စီး ပေးအပ်လှူဒါန်းသည်။

 

ဆက်လက်၌ အမျိုးသမီးကော်မတီ နာယက အဖွဲ့ဝင်များက မြို့လှအထကကျောင်း ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများအတွက် ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်း၊ လက်သန့်ဆေးရည်ဘူးများနှင့် မြို့လှရွာ ပြည်သူများအတွက် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် ငှက်သိုက်အထကကျောင်းမှ ရပ်ဝေးကျေးရွာများမှ လာရောက်ကျောင်းတက်ကြသည့် ကျောင်းသား ကျောင်းသူများအတွက် စက်ဘီး(၁၀၈)စီး၊  ရွာတန်းအထကကျောင်းရှိ ကျောင်းသား ကျောင်းသူ (၁၀၈)ဦးအတွက် စက်ဘီး(၁၀၈)စီးကိုလည်းကောင်း၊ ငှက်သိမ်ကုန်းအထကကျောင်းရှိ ကျောင်းသား ကျောင်းသူ (၂၁၃)ဦးအတွက် စက်ဘီး(၂၁၃)စီးနှင့် နှာခေါင်းစည်း၊ လက်သန့်ဆေးရည်ဘူးများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်