ရမည်းသင်း   ၂၂   မေ

ရမည်းသင်းမြို့နယ်အတွင်း မေ ၂၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခက်မှုကြောင့် အလယ်ကုန်း ကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာတွင် လူနေအိမ်(၄)လုံး၊  ဇီးပင်ကြီးကျေးရွာတွင်  လူနေအိမ်(၁)လုံး၊ ပေါက်ကုန်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ဆေးပုလဲကုန်း ကျေးရွာတွင် လူနေအိမ်(၁)လုံးနှင့် လွှစင်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတို့မှ လူနေအိမ်(၂)လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

 

mdn

 

အဆိုပါ  ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့်အိမ်ထောင်စုများအား ရမည်းသင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ တိုင်းဒေသကြီး  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ဝင်းထက်ကြည်နှင့် အဖွဲ့သည် မေလ(၂၁)ရက် ညနေပိုင်းက အလယ်ကုန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။ လေဘေးသင့်အိမ်ထောင်စု (၉)စုအတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ထောက်ပံ့ငွေကျပ်(၅၈၅၀ဝ၀)နှင့်  အသုံးအဆောင်ပစ္စည်း (၁၁) မျိုးပါ ပုံး(၉)ပုံးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
                                                                                 
ရန်နိုင်ထွန်း(ပြန်/ဆက်)