ရမည်းသင်းနှင့် လှိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မေ ၂၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် ညနေ ၄ နာရီတွင် ရမည်းသင်းမြို့နယ်၊ ရွှေမြင်တင်ကျေးရွာအနီးတွင် ငြိမ်းချမ်းအောင်(ခ) ဘုတ်စိ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီ မိနစ် ၂၀တွင်  ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၀၀ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာရှိ စည်သူအောင်(ခ)ချစ်ဖူး၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း။

မေ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျသိန္ဒိ(၃)လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မျိုးမင်းထွန်း(ခ)ဟာမစ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)