တောင်ကြီး ၁၉ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် အထောက် အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ(၂)နာရီက မင်္ဂလာဦးရပ်ကွက်၊ UNDP တောင်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ယင်းသို့ လွှဲပြောင်းပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်ထံသို့UNDP တောင်ကြီးရုံးတာဝန်ခံ ဦးအောင်လင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် ရောဂါကာကွယ်ရေးဝတ်စုံ (အကြီး/ အငယ်စား)၊ ရော်ဘာလက်အိတ် (ပိုးသန့်စင်ရော်ဘာလက်အိတ်)၊ လက်သန့်ဆေးရေ(ဘူးလတ်) မျက်နှာ အကာအကွယ် ပစ္စည်းများ၊ ပထမအသုတ် အဖြစ်ကျပ်သိန်း( ၄၅၀ )တန်ဖိုးရှိ ပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ထပ်မံ၍ ဒုတိယအကြိမ် ငွေကျပ်သိန်း( ၄၀ဝ )တန်ဖိုးရှိ ပစ္စည်းများကို နောက်သုံးပတ်တွင် ရောက်ရှိလာပါက ထပ်မံလွဲပြောင်းပေးသွားရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်


