တောင်ကြီး   ဇန်နဝါရီ   ၁၉

 

ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဆုတစ်ခုချင်းအလိုက်ဖြစ်သည့် လူမှုထူးချွန်ဆု၊ စီမံထူးချွန်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆု၊ ကျန်းမာရေး ထူးချွန်ဆုများ ဆုချီးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေး ကော်မတီဝင်များက ဆွေးနွေးကြပြီး ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားသည်။

 

အဆိုပါ ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများအတွက် ပထမအဆင့် ရွှေချိန် ၈ ပဲနှင့် ငွေသားကျပ်၊ ဒုတိယအဆင့်တွင် ရွှေချိန် ၆ ပဲနှင့် ငွေသားကျပ်၊ တတိယအဆင့် ရွှေချိန် ၄ ပဲနှင့် ငွေသားကျပ်များ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 မောင်မောင်သန်း(တောင်ကြီး)