တောင်ကြီး ၂  ဇူလိုင်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း မီတာ(၄၀ဝ)ပြေးလမ်း ပြီးစီးမှုအခြေအနေများအား ဇူလိုင် ၁ ရက် နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

mdn

 

ပြေးလမ်း ခင်းကျင်းနေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းနှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးရာ Reva Co.,Ltd မှ တာဝန်ခံ ဦးကျော်ဇင်ထက်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီတာ(၄၀ဝ)ပြေးလမ်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေကျပ် (၇၄၅)သန်းနှင့် Reva Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလမှ စတင်၍ ဆောင်ရွက်လျက်ရှိရာ Covid-19 ကပ်ရောဂါကြောင့် အလုပ်များ ရပ်တန့်ထားရသဖြင့် ယခုအချိန်တွင် လုပ်ငန်း (၉၅ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(ပြန်/ဆက်)