တောင်ကြီး ၅  စက်တင်ဘာ

ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၄ ရက်ညနေ ၄ နာရီ အချိန်တွင် တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်၌ ဖွင့်လှစ်ထားသော Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် ဖွင့်လှစ်ထားသည့် Quarantine Center များတွင် လိုအပ်သော Covid-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Mask (၁၀၀၀)ခု၊ Apron (၄၀)ခု၊ လက်အိတ် (၁၀၀)စုံ၊ Handgel (၂၀)ဘူး၊ ငွေကျပ်(၅၀၀၀၀) တန်ဖိုးရှိ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့် ငွေကျပ်(၅)သိန်းတို့ကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံး ကျေးရွာတွင် ဖွင့်လှစ်ထားသော Covid-19 ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး စစ်ဆေးရေးဂိတ်တွင် အသုံးပြုနိုင်ရန်အတွက် mask (၅၀၀၀)ခု၊ လက်အိတ် (၁၀)ဘူး၊ Face Shield (၂၀) ခု၊ Cap(၅၀၀)ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀)စုံ၊ mobile Toilet(၂)ခု၊ တဲ(၂)ခု၊ ခေါက်ကုတင်(၁၀) ခု၊ ငွေကျပ်(၅၀၀၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်၊ ငွေကျပ် (၁၀)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်လေးလုံး အမာခံစစ်ဆေးရေးဂိတ် တည်ဆောက်မည့် နေရာအားကြည့်ရှုရာ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် Covid-19 ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ဖွင့်လှစ်ထားသော မြို့ဝင်၊ မြို့ထွက်ဂိတ်များအတွက် ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တို့ကို ငွေကျပ်(၁၀)သိန်းစီနှင့် ကျပ်(၅၀၀၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ mask (၅၀၀၀)ခု၊ လက်အိတ် (၁၀)ဘူး၊ Face Shield (၂၀)ခု၊ Cap (၅၀၀)ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀)စုံ၊ mobile Toilet (၂)ခု၊ တဲ(၂)ခု၊ ခေါက်ကုတင်(၁၀)ခု အသီးသီးတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူး တို့မှ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)