တောင်ကြီး  ၅  စက်တင်ဘာ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့သည် ယမန်နေ့က ညနေပိုင်းက တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်၌ ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Quarantine Center များတွင် လိုအပ်သော Mask (၁၀၀၀)ခု၊ Apron (၄၀) ခု၊ လက်အိတ် (၁၀၀) စုံ၊ Handgel (၂၀) ဘူး၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့် ငွေကျပ် (၅) သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်တွင် Mask (၅၀၀၀) ခု၊ လက်အိတ် (၁၀) ဘူး၊ Face Shield (၂၀) ခု၊ Cap ၅၀၀ ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀) စုံ၊ Mobile Toilet (၂) ခု၊ တဲ (၂) ခု၊ ခေါက်ကုတင် (၁၀) ခု၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့် ငွေကျပ် (၁၀) သိန်းတို့ကို ထောက်ပံ့ပေးအပ်ပြီး တောင်လေးလုံး အမာခံစစ်ဆေးရေးဂိတ် တည်ဆောက်မည့်နေရာအား ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဖွင့်လှစ်ထားသော မြို့ဝင်၊ မြို့ထွက် ဂိတ်များအတွက် ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တို့ကို ငွေကျပ် (၁၀) သိန်းစီနှင့် ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ Mask (၅၀၀၀)ခု၊ လက်အိတ် (၁၀) ဘူး၊ Face Shield (၂၀) ခု၊ Cap (၅၀၀) ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀)စုံ၊ Mobile Toilet (၂) ခု၊ တဲ (၂) ခု၊ ခေါက်ကုတင် (၁၀) ခုတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံ  ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

mdn