မိုင်းယု ၃၀  ဩဂုတ် 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးစိုးညွန့်လွင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဉီးစိုင်းရှဲန်တစ်လုံနှင့်အဖွဲ့သည့် မိုင်းယုဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဩဂုတ် ၃၀ ရက်၊ နံနက် ၉ နာရီက ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


ရှေးဉီးစွာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးစိုးညွှန့်လွင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဉီးစိုင်းရှဲန်တစ်လုံနှင့်အဖွဲ့များသည် ဒေသထွက် ကုန်ကြမ်းများတင်ပို့ရာ အဓိကအရေးပါသည့် နယ်စပ်ဒေသ မိုင်းယု-ကျိန်းယဲန်းတံတား တည်ဆောက်ထားမှုအခြေအနေများ၊ ကုန်စည်ဖြတ်သန်းစီးဆင်းမှုအခြေအနေများနှင့် ယင်းတံတားအနီး နမ့်လွေချောင်းကမ်းစပ်တွင် တည်ဆောက်ထားသည့် ဒေသခံပြည်သူတို့၏ နေအိမ် အဆောက်အဉီများ ခိုင်ခန့်မှုရှိ/မရှိစသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်တို့ကို မှာကြားခဲ့သည်။


ဆက်လက်၍ ဝန်ကြီးများနှင့်အဖွဲ့သည် မိုင်းယုမြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းအတွင်း၌ မိုင်းယုဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ဝန်ကြီးများက မိမိတို့ဒေသတွင်းရှိ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဒေသတွင်း သောက်သုံးရေနှင့် လျှပ်စစ်မီးမရရှိသေးသည့် ရပ်ကွက်/ကျေးရွာများအား အမြန်စီမံဆောင်ရွက်ပေးနိုင်ရေး၊ ရပ်ကွက်/ကျေးရွာများရှိ လမ်းနှင့် တံတားများ အဆင့်မြှင့် တင်ဆောင်ရွက်ပေးနိုင်ရေးစသည့်အခြေအနေများကို ဆွေးနွေးပြောကြား ခဲ့ရာ တက်ရောက်လာသည့် မိုင်းယောင်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဉီးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးညီညီဝင်း၊ မိုင်းယုအုပ်ချုပ်ရေးမှူး ဉီးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဒေသတွင်း ကဏ္ဍအလိုက် ဘက်စုံဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးများက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်းရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းကာ ဝန်ကြီးများက ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။


ယင်းတွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးစိုးညွှန့်လွင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဉီးစိုင်းရှဲန်တစ်လုံနှင့်အဖွဲ့များ၊ မိုင်းယောင်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်၊ မိုင်းယောင်း-မိုင်းယု အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုနိုင်(မိုင်းယု)