၁၇  ဩဂုတ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ရှမ်းပြည်နယ်အတွင်းမှ  ငါးမွေးတောင်သူများအား ငါးသားပေါက်များထောက်ပံ့ပေးအပ် ခြင်း အခမ်းအနားကို ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနမှူးရုံး၊ သင်တန်းခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်အတွင်းရှိ တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ ရပ်စောက်မြို့နှင့် ဖယ်ခုံမြို့များရှိ ငါးမွေးတောင်သူ(၂၈)ဦးဧက (၂၄၃.၂၇)အတွက် ငါးသားပေါက် ကောင်ရေ ၄၈၇၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာမြို့နယ်များမှ ငါးမွေးတောင်သူများတက်ရောက်ခဲ့ပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းလင်းတို့မှ ငါးမွေးတောင်သူများအား ငါးသားပေါက်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)