နေပြည်တော်၊ ဇူလိုင် ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ငွေကျပ်သိန်း ၂,၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၆၀၊ အလေးချိန် ၂၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။  

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်း သွားကားလမ်း၊ အမှတ်(၂)မြေနီကားကွင်းရှေ့တွင် ပန်ခမ်းရွာမှ မူဆယ်မြို့သို့ မရန်ပိန်းကျောင်း (ခ) အားကျောင်း မောင်းနှင်လာသည့်  ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ စက္ကူပုံး အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂,၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၆၀ ၊ အလေးချိန် ၂၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာမှ စွမ်စော်ရပ်ကွက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)