လားရှိုး ၁၄ ဩဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် COVID-19 Economic Relief Plan(CERP) စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ IDPs စခန်းများတွင် နေထိုင်သူများ၊ အသက်(၆၀)နှစ်အထက် အဘိုး၊အဘွားများအား စားသောက်ကုန်(၅)မျိုး ဝယ်ယူရန် အိမ်ထောင်စုအလိုက် ထောက်ပံ့ခြင်း နှင့်လားရှိုးခရိုင်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကွတ်ခိုင်မြို့နယ်ရှိ အိမ်ထောင်စု (၈၅၅)စုအတွက် (၁)အိမ်ထောင်လျှင် ငွေကျပ် ၄၀ဝ၀ နှုန်းဖြင့် ငွေကျပ် ၃၄၂၀ဝ၀ဝ၀၊ အသက်(၆၀) နှစ်နှင့်အထက် အဘိုး၊အဘွား ၂၈၅ ဦးအတွက် (၁)ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၈၅၅၀ဝ၀ဝ ကိုလည်းကောင်း၊ မန်တုံမြို့နယ်ရှိ အိမ်ထောင်စု (၅၇)စုအတွက် (၁) အိမ်ထောင်လျှင် ငွေကျပ် ၄၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၂၂၈၀ဝ၀ဝ ၊ အသက်(၆၀)နှစ် နှင့်အထက်အဘိုး၊ အဘွား(၁၇)ဦး အတွက် (၁)ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၅၁၀ဝ၀ဝ ကိုလည်းကောင်း၊ နမ္မတူမြို့နယ်ရှိ အိမ်ထောင်စု (၁၂၂)စုအတွက် (၁) အိမ်ထောင် လျှင် ငွေကျပ် ၄၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၄၈၈၀ဝ၀ဝ ၊ အသက်(၆၀)နှစ်နှင့်အထက် အဘိုး၊အဘွား (၄၀) အတွက် (၁)ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၁၂၀ဝ၀ဝ၀ ကို လည်းကောင်း၊ နမ့်ခမ်းမြို့နယ်ရှိ အိမ်ထောင်စု (၃၈၉)စုအတွက် (၁) အိမ်ထောင်လျှင် ငွေကျပ် ၄၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၁၅၅၆၀ဝ၀ဝ၊ အသက်(၆၀)နှစ် နှင့် အထက် အဘိုး၊အဘွား (၁၅၄)ဦးအတွက် (၁)ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၄၆၂၀ဝ၀ဝ ကိုလည်းကောင်း ၊ လားရှိုးခရိုင်အတွင်းရှိ မသန်စွမ်းသူ(၂၅၁၄)ဦး အတွက် (၁)ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၇၅၄၂၀ဝ၀ဝ ကို အသီးသီး ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များနှင့် IDPs စခန်းတာဝန်ခံများမှ လက်ခံခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ IDPs စခန်းများတွင် နေထိုင်သူများအား စားသောက်ကုန် (၅)မျိုး ဝယ်ယူရန် အိမ်ထောင်စု (၁၄၂၃)စုအတွက် ငွေကျပ် ၅၆၉၂၀ဝ၀ဝ ကို လည်းကောင်း၊ အသက်(၆၀)နှစ်နှင့်အထက် အဘိုး၊ အဘွား (၄၉၆)ဦး အတွက် ငွေကျပ် ၁၄၈၈၀ဝ၀ဝ ကိုလည်းကောင်း၊ လားရှိုးခရိုင်အတွင်းရှိ မသန်စွမ်းသူ(၂၅၁၄)ဦးအတွက် ငွေကျပ် ၇၅၄၂၀ဝ၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၄၇၂၂၀ဝ၀ဝ)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)