လောက်ကိုင် ၂၃ စက်တင်ဘာ
ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်မြို့ ကိုးကန်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးအစည်းအဝေးခန်းမ၌ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ် Covid-19 ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံကြောင်း သိရသည်။
ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအာကာမင်းက မဲဆန္ဒရှင်စာရင်းများမဲရုံများ၊ လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး လောက်ကိုင် မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးငွေဒိုးနှင့် ကုန်းကြမ်းမြို့နယ် COVID-19 ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းစိုးတို့မှ Covid-19 ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့် လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်း မြို့နယ်များအတွက် COVID-19ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် mask (၂၅၀ဝ)စီ နှင့် ငွေသားကျပ်(၁၀)သိန်းစီ ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန် ကြီး ဒေါက်တာအောင်သန်းမောင်မှ လောက်ကိုင်မြို့နယ် နှင့်ကုန်းကြမ်းမြို့ နယ်အတွင်းရှိ အသက် (၈၀)နှင့်အသက်(၈၅)နှစ် မပြည့်သေးသည့်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်တာဝန်ရှိသူများသည် လောက်ကိုင် ပြည်သူ့ဆေးရုံးသို့ သွားရောက်ကာဆေးရုံအတွက် COVID-19ရောဂါကာကွယ်ရေးသုံး ပစ္စည်း mask (၂၅၀ဝ)ခုနှင့် ငွေကျပ်(၂၀)သိန်း၊ လက်အိတ် (၁၀)ဘူးပါ(၁)ပုံးနှင့် ကုန်းကြမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအတွက်ငွေကျပ်(၁၅)သိန်း၊ ကုန်းကြမ်း မြို့နယ်အတွက် သားအိမ်ခေါင်း ကင်ဆာစမ်းသပ်စက်တို့ကို ပေးအပ်လှူဒါန်းပေးရာတာဝန်ရှိသူများမှအသီးသီး လက်ခံရယူ ကြသည်။ ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ချင်းရွေဟော်-လောက်ကိုင် လမ်းမိုင်(၂၀/၃-၂၁/၂)အတွင်း (၅.၃၉)ဖာလုံအရှည် (၄၀)ပေ အကျယ်အား ကတ္တရာ ကွန်ကရစ် လမ်းခင်းခြင်းအား ကြည့်ရှုစစ်ဆေး ရာလမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)