လားရှိုး  ၂၂  စက်တင်ဘာ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ဆုံကွယ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ ပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခြင်းကို စက်တင်ဘာ(၂၂)ရက် နံနက်(၈) နာရီက လားရှိုးမြို့ အစိုးရနည်းပညာ ကောလိပ်ကျောင်းခန်းမ၌ ကျင်းပသည်။

 

mdn

 

လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာအုပ်စု၊ ဆုံကွယ်ကျေးရွာ၊ စစ်မှုထမ်းဟောင်းကျေးရွာ၊ မန်ကုန်းကျေးရွာ၊ နမ့်နွမ်းကျေးရွာ၊ ကွန်လွိုင်ကျေးရွာ၊ ကောင်းအိုင်ကျေးရွာရှိပြည်သူများအား ရှမ်းပြည်နယ် အစိုးရ အဖွဲ့ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေလင်းတို့မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask ခုရေ (၁၅၀ဝ)၊ Hand Gel(၅)ဘူး တို့ကိုပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ မိခင်ကလေး စောင့်ရှောက်ရေး ခန်းမတွင် ဟိုပိတ်ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ Covid-19 ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးသော တစ်ဦးလျှင်ငွေကျပ်(၂)သောင်းစီနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ covid-19 ရောဂါကာကွယ်ရေးအတွက် mask ခုရေ (၁၅၀ဝ)၊ Hand Gel (၅)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)