ရှမ်းရွာသစ် ၅ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့မြို့သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သုသာန်အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်း လုပ်ငန်း အပိုင်း (၂)ကို နိုဝင်ဘာလပထမပတ်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ အရှည် (၆၄၀)ပေ၊ အကျယ် (၂)ပေနှင့် ထုထည်အမြင့် (၄)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၅.၀၀) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)


