ရှမ်းရွာသစ် ၁၇ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန်အတွက် Hand Speaker များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

 

အဆိုပါ Hand Speaker များပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူတို့က ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဇင်လေး (ပြန်/ဆက်)