ရှမ်းရွာသစ်     ၁၃  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁၃)ရက်တွင် ကျ ရောက်သည့်  လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယမန်နေ့က ရှမ်းရွာ သစ်မြို့ပေါ်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက “လူဆိုသည်မှာ ရောင်းကုန်မဟုတ်ပါ၊ လူကုန်ကူးခံရမှုနည်းလမ်းများ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ ကြိုတင် ရှောင်ရှား ရန်အချက်များ၊ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်များနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန သတင်းအချက်အလက် မျှဝေရာစင်တာ ဖုန်းနံပါတ်များပါဝင်သော လက်ကမ်းစာစောင်များကို ဒေသနေပြည်သူများ  လူကုန်ကူးမှုနှင့် ပတ်သက်၍ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)