ရှမ်းရွာသစ် ၆ ဇူလိုင်

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံ၏ အမိုးပြုပြင်ခြင်းလုပ်ငန်းကို ဇွန်လ ပထမပတ်က ကရင်ပြည်နယ် ကုသရေးဦးစီးဌာန ရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၅၀) ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်နယ်ဆေးရုံကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်ကုသရေးဦးစီးဌာနရန်ပုံငွေ ခွင့်ပြုငွေကျပ် သိန်း ၆၀ဝ၀ ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် မိုးရေများ ကျဆင်းမှုကြောင့် ဆေးရုံခေါင်မိုးများ ပျက်စီးနေကြောင်း သိရှိရ၍ ကရင်ပြည်နယ်ကုသရေးဦးစီးဌာနရန်ပုံငွေဖြင့် စောလှဝင်းထွန်းကုမ္ပဏီမှ အမိုးပြုပြင်ခြင်းလုပ်ငန်းကိုတာဝန်ယူပြီး ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် (၅၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နေကြောင်း စသည့် ဆေးရုံအမိုးပြုပြင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာမ အထက်တန်းသူနာပြု ဒေါ်နန်းစန်းမြမြထံမှ သိရှိရသည်။

 

ဇင်လေး (ပြန်/ဆက်)

 

mdn