ရှမ်းရွာသစ်  ၂၁  ဩဂုတ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော် အစိုးရမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရင်းဘိုင်းကျေးရွာတွင် အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ရှိကြောင်း သိရှိရသည်။

 

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးနှင့် အလုပ်အကိုင် အခက်အခဲဖြစ်ခဲ့မှုအပေါ် ယခုလိုငွေကြေး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် ရင်းဘိုင်းကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၁၄၃ စုတို့အတွက် တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၈၆၀၀၀၀ ကို မြို့အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)