ရှန်ဟိုင်း၌ 5G အခြေပြုစခန်း  ၆၈၀၀၀ ကျော်ကို ဆောက်လုပ်ပြီးဖြစ်

ရှန်ဟိုင်း ဒီဇင်ဘာ ၉

 

တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရှန်ဟိုင်းတွင် 5G အခြေပြုစခန်းပေါင်း  ၆၈၀၀၀ ကျော်ကို ဆောက်လုပ်ပြီးစီးပြီးဖြစ်ကာ ဒေသပေါင်း ၁၆ ခုကို 5G ကွန်ရက် ဖြန့်ကြက်နိုင်ကြောင်း ဒေသခံ အာဏာပိုင်များက ဒီဇင်ဘာ  ၇ ရက်တွင် ပြောသည်။  

 

အောက်တိုဘာလကုန်ပိုင်း၌ တရုတ်နိုင်ငံ၏ အဓိက တယ်လီကွန်းအော်ပရေတာကြီး သုံးခု ဖြစ်သည့် ချိုင်းနားတယ်လီကွန်း၊ ချိုင်းနားမိုဘိုင်းနှင့် ချိုင်းနားယူနီကွန်းတို့၏ ရှန်ဟိုင်းကုမ္ပဏီခွဲများတွင် 5G အသုံးပြုသူ ၁၂ သန်းရှိခဲ့သည်ဟု  ရှန်ဟိုင်းဆက်သွယ်ရေး စီခံခန့်ခွဲမှု၏  ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာလကုန်ပိုင်းတွင် ရှန်ဟိုင်းသည် နိုင်ငံတစ်ဝန်း 5G ကွန်ရက်၌ ရှေ့ဆုံးမှ ဦးဆောင်လာသည်ဟု   စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန် ထားသော အချက်အလက်များအရ သိရသည်။  

 

ထို့ပြင် လေဆိပ်များ၊ ရထားဘူတာရုံများ၊ မြေအောက်ဘူတာရုံများတွင် 5G ကွန်ရက်ကို အပြည့်ဖြန့်ကြက်ပေးထားနိုင်ပြီး တတိယအဆင့် ဆေးရုံများတွင်လည်း 5G ကွန်ရက်ကို  ၉၅  ရာခိုင်နှုန်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

 

ဆင်ဟွာ