မော်လမြိုင် ၁၈ သြဂုတ်

 

ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် လေအိတ်အမြန်ရထားကို သြဂုတ်လ (၂၂) ရက် ည(၉)နာရီမှ စတင်ပြီး၊ အမှတ်(၈၃) အဆန်/အမှတ် (၈၄)အစုန် မော်လမြိုင်-ရန်ကုန် လေအိတ်အမြန်ရထား ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်မှတ်ခနှုန်းထားမှာ မော်လမြိုင် - ရန်ကုန် ရိုးရိုးတန်းလက်မှတ်ခ (၄၀၀၀) ကျပ်၊ အထက်တန်းလက်မှတ်ခ(၈၀၀၀)ကျပ်ဖြစ်ပါသည်။ လမ်းခရီး၌ ခေတ္တ ရပ်တန့်ပေးမည့် ဘူတာများမှာ ပေါင်၊ သထုံ၊ တောင်စွန်း၊ ကျိုက်ထို၊ ပဲခူး ဘူတာများဖြစ်ကြောင်း သိရှိရသည်။

 

ခရီးသည်များ အဆင်ပြေစွာ လိုက်ပါစီးနင်းနိုင်စေရန်အတွက် ရထားတွဲများတွင် CCTV နှင့် ဖုန်းအားသွင်းပေါက်များလည်း တပ်ဆင်ပေးထားမည်ဟုဆိုသည်။ ခရီးသည်များ အနေဖြင့် ခရီးစဉ် အစမှ အဆုံးထိ Mark တပ်ဆင်ပြီး စီးနင်းလိုက်ပါရမည် ဖြစ်သည်။

 

လေအိတ်(အထူး) ရထားအချိန်စာရင်းမှာ အမှတ် ၈၃ အဆန် ရန်ကုန်-မော်လမြိုင် ရထားသည် ရန်ကုန်မှ စတင်ထွက်ခွာချိန် ည (၈)နာရီ၊ မော်လမြိုင် သို့ ဆိုက်ရောက်မည့်အချိန် နံနက် (၅:၁၅)နာရီ၊ အမှတ် ၈၄ အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်မှ ထွက်ခွာချိန် ည(၉)နာရီ၊ ရန်ကုန်သို့ ဆိုက်ရောက်မည့်အချိန် နံနက်(၆)နာရီဖြစ်ကြောင်း မော်လမြိုင်၊အမှတ်(၈)တိုင်း ပြည်နယ်မန်နေဂျာ ဦးတင်ထွန်းအောင်ထံမှ သိရှိရသည်။

 

#MRTV