နေပြည်တော် ၂၇ မေ 

 

မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်၊ မန္တလေး ဒေသအပြင် မကွေး၊ မော်လမြိုင်နှင့် ပုသိမ်ဒေသရှိ Post paid အသုံးပြု ကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းနှင့် အိမ်သုံး ဖိုက်ဘာအင်တာနက်လိုင်း ( FTTH ) ဘီလ်အချက် အလက် များကို Webportal တိုးချဲ့လွှင့်တင်ပေး လျက်ရှိသည်။ 


    
ထို့အပြင် မြန်မာ့စီးပွားရေးဘဏ် - နေပြည်တော်၊ ရန်ကုန်(၁)၊ (၂)၊ (၅)၊ ငွေစု(၃)၊ မန္တလေး(၁)၊ (၂)၊ မြန်မာ့စီးပွားရေးဘဏ်မှခန့်အပ်ထားသော ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဘဏ်များ၊ နည်းပညာနှင့် ဖုန်းဝန်ဆောင်မှုများ၊ City Mart Holding ၊ Victoria ၊ Asia Light ၊ United Living Mall ၊ Shopping Mall စသည့် ဈေးဝယ်စင်တာများအပြင် ၂၀၁၉ခုနှစ် မေလမှစတင်ကာ မြန်မာ့စီးပွားရေးဘဏ် မကွေး၊ မော်လမြိုင်(၁)၊ ပုသိမ်ဘဏ်ခွဲတို့တွင် ပြည်သူ များသည် မိမိတို့၏ တယ်လီဖုန်းဘီလ်၊ အိမ်သုံးဖိုက်ဘာ အင်တာနက် လိုင်းကြေးများအတွက် တယ်လီဖုန်းနံပါတ်၊ Invoice No တောင်းခံလွှာနံပါတ် ပြောကြားခြင်းဖြင့် နေရာဒေသမရွေး Online မှတစ်ဆင့် ကောက်ခံပေးခြင်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ 

 

(သတင်းစဉ်)