နေပြည်တော် ၅ ဇူလိုင်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့တောင်အာရှဌာနခွဲဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Ramesh Subramaniam နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
(သတင်းစဉ်)


